ကောလင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ တောင်မော်ရွာနဲ့ သစ်ဆိမ့်ကုန်းရွာကြားတွင် ယနေ့နံနက် ၄ နာရီခန့်က ကားလေးစီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းကို တောင်မော်ကျေးရွာမှ သစ်ဆိမ့်ကုန်းကျေးရွာအကြား ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ကောလင်း တောင်မော်ရွာစာသင်ကျောင်းကနေ ရွှေဘိုမြစ်ကြီးနားလမ်း ကျောက်တန်းရွာ တောင်ရိုး ကျော်ပြီး ဖြတ်လာတာ တောင်မော်ရွာနဲ့ သစ်ဆိမ့်ကုန်းရွာကြားမှာ မိုင်းဆွဲခံရတာ“ဟု သူကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။
စစ်ကိုင်းတိုင်းကောလင်းမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ညကလည်း စစ်ကောင်စီယာဉ်တန်းကို ကောလင်း PDF များကမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့သည်။
ပုံ – စစ်ကိုင်းတိုင်း‌ေဒသကြီး မြစ်ကြီးနား-ရွှေဘိုလမ်းတွင် ဇူလိုင်လ ၄ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်
သင့်ထင်မြင်ချက်ရေးပေးပါ