မတ်လအတွင်းက မြစ်ကြီးနားမြို့ အ.ထ.က (၁)​ကျောင်းအနီးရှိ ​ကျောက်စိမ်းအဝိုင်း
မြစ်ကြီးနားမြို့ ၊ ဧရာရပ်ကွက်၊ အ.ထ.က(၁)​ကျောင်းအနီးရှိ ကျောက်စိမ်းတုံးအဝိုင်းပတ်ရှေ့တွင် ယနေ့ည ၄နာရီခွဲအချိန်ခန့်က လူငယ် ၇ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထိုလူငယ်များအား ဒူးထောက်လက်မြောက်ခိုင်း၍ စစ်သားများနှင့် အရပ်ဝတ်များအပါအဝင် လူအင်အား ၅၀ ခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောက်စိမ်းတုံးရှေ့မှာ ကျွန်ဝောာ့်အထင်တော့ ၇ဦးကျော်တယ် ဖမ်းစီးသွားတာတွေ့ခဲ့တယ်။ သူတို့ကိုက ဒူးထောက်ပြီး လက်မြောက်ထားခိုင်းတာ။ စစ်သားတွေရော အရပ်ဝတ်တွေရော လူအင်အား အနည်းဆုံး ၅၀ လောက်တော့ရှိမယ်ထင်တယ်။ အချုပ်ကားတစ်စီးရော ရဲကားတွေရောပါတယ်။ စစ်ကားတွေရော တွေ့ခဲ့တယ်” ဟုပြောသည်။
ဖမ်းဆီးခံခဲ့ရ​သော လူငယ်များသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကို The 74 Media မှဆက်လက်စုံစမ်း​နေဆဲဖြစ်သည်။
စစ်​ကောင်စီတပ်မှ ထိုကဲ့သို့ လူငယ်များကို အ​ကြောင်းမဲ့ဖမ်းဆီးခြင်းကို မြစ်ကြီးနားမြို့တွင်သာမက တစ်နိုင်ငံလုံးတွင် နေ့စဥ်နှင့်အမျှ ပြုလုပ်နေကြသည်။
ပုံ/ မတ်လအတွင်းက မြစ်ကြီးနားမြို့ အ.ထ.က (၁)​ကျောင်းအနီးရှိ ​ကျောက်စိမ်းအဝိုင်းပတ်တွင်​တွေ့ရ​သော စစ်​ကောင်စီအဖွဲ့ဝင်များ။
သင့်ထင်မြင်ချက်ရေးပေးပါ