KIA အဖွဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် ဩဂုတ်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များ၊ စားနပ်ရိက္ခာများသယ်ဆောင်လာသော မှန်လုံ အပြာ ကားတစ်စီးကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

တပ်မတော်သားများအတွက်ဟု ဖော်ပြထားသည့် အစားအစာများနှင့် လက်နက်များသယ်ဆောင်လာသည့်ကားကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက The 74 Media ကို အတည်ပြုသည်။
“လဝါးရွာနားမှာ မီးရှို့ပးလိုက်တာပါ၊ စစ်ကားနဲ့ ရိက္ခာပို့ရင် KIA တွေ ခဏခဏ မီးရှို့ပေးလို့ မှန်လုံးကားအကြီးအပြည့်၊ စစ်သားမပါဘဲ ကုန်ကားတင်သလို ဟန်ဆောင်ပြီး တင်လာတာပါ။ ဒါကို KIA သတင်းရသွားလို့ ကားကိုတားပြီး လမ်းမကြီးနဲ့ နဲနဲ ဝေးတဲ့ နေရာမှာ ကားသမားကိုစစ်ဆေးပြီး ရိက္ခာမီးရှို့လုပ်လိုက်တာပါ။ ကားဆရာကိုတော့ ပြည်သူဆိုပြီး ပြန်လွတ်ပေးလိုက်တယ်” ဟု သူကပြောသည်။
အဆိုပါ ကားမီးရှို့စဉ်တွင် သေနတ်ပစ်ခတ်သံများ ကြားခဲ့ရသော်လည်း အထိအခိုက် တစ်စုံတစ်ရာ မရှိကြောင်း သူကဆက်ပြောသည်။
လဝါးကျေးရွာသည် ဖားကန့်မြို့၊ တနိုင်းမြို့သို့သွားရာ အဓိကလမ်းမကြီးပေါ်တွင်တည်ရှိပြီး ခရီးသည်တင်ယာဉ်အချို့ ခရီးတစ်ထောက်နားသော ကျေးရွာတစ်ခုဖြစ်သည်၊။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖားကန့်ကားလမ်းတစ်လျောက် ကုန်တင်ယာဉ်များဖြင့် စစ်တပ်ရိက္ခာများကို သယ်ယူပို့ဆောင်မှုများ ပြုလုပ်လေ့ရှိပြီး KIA အဖွဲ့မှလည်း အဆိုပါ ကားများကို မီးရှို့ဖျက်စီးခြင်းနှင့် ကြားဖြတ်တိုက်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ