အကျိုးဆောင်မွတ်စလင်မ်အသင်းမှ ဘာသာပေါင်းစုံအလှူရှင်များကိုယ်စား အ​ခြေခံစားသောက်ကုန်များ လှူဒါန်း

မြစ်ကြီးနားမြို့ ၊ မင်းရပ်ရပ်ကွက်ရှိ ဂျာမေ့ဗဟိုဗလီကြီးဂေါပကအဖွဲ့က ဦးဆောင်ကာ အကျိုးဆောင် မွတ်စလင်မ် အသင်းမှ ဘာသာပေါင်းစုံ အလှူရှင်များကိုယ်စား အိမ်ထောင်စု ၁ဝ၀၀ စုအတွက် အခြေခံစားသောက်ကုန်များကို ယ​နေ့ နံနက် ၈ နာရီမှ စတင်ပြီးလှူဒါန်းခဲ့​ကြောင်းသိရသည်။

ထို့အပြင် ဝိုင်းမော်နယ် လော်ဝေါ်နှစ်ခြင်းအသင်းတော်များ အဖွဲ့ရုံး IDP Camp ၊ နန်းကွေ့ ​ကျေးရွာအုပ်စု ကဘူးဒမ်းရွာရှိ COC – IDP Camp နှင့် Home Quarantine/Lockdown ဝင်​နေရသည့် အိမ်ထောင်စုများကိုပါ သွား​ရောက် လှူဒါန်းခဲ့​ကြောင်းသိရသည်။
အကျိုးဆောင်မွတ်စလင်မ်အသင်းမှ ဘာသာပေါင်းစုံအလှူရှင်များကိုယ်စား အ​ခြေခံစားသောက်ကုန်များ လှူဒါန်း

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ