ခ.လ.ရ (၅၈) ပစ်ခတ်သည့် လက်နက်ကြီးများ လူနေအိမ်အနီး ကျရောက်ပေါက်ကွဲ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာအုပ်စု ခါ့ကွမ်ရွာလမ်းပေါ်တွင် မပေါက်ကွဲသေးသော လက်နက်ကြီး တစ်လုံးကျရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်ဝင်အတွင်းမှ သစ်ပင်တစ်ပင်တွင် လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ခ.လ.ရ (၅၈) ပစ်ခတ်သည့် လက်နက်ကြီးများ လူနေအိမ်အနီး ကျရောက်ပေါက်ကွဲ

 

ဝိုင်းမော်မြို့ ခါ့ကွမ်ရွာတွင် ယမန်ည ခလရ ၅၈ မှ ပစ်ခတ်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့ပြီး လက်နက်ကြီးအစအနများကြောင့် နေအိမ်မီးဖိုချောင် ခေါင်မိုးနှင့် ပစ္စည်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင့် ဒေသခံတစ်ဦးက The 74 media ကိုပြောသည်။
“ခါ့ကွမ်ရပ်ကွက်မှာတော့ နေအိမ်ဝင်းထဲက သစ်ပင်မှာ လက်နက်ကြီး ထိပြီး၊ ကွဲပြီး စင်လာတဲ့ဟာတွေ မီးဖိုချောင် ခေါင်မိုးမှာကျတာ။ သစ်ပင်ဘေး မီးဖိုချောင်မှာ အိပ်နေတဲ့ မိသားစုတွေ ကံကောင်းလို့ မထိသွားကြဘူး” ဟု သူကပြောသည်။
ထို့ပြင် ရွာလမ်းမပေါ်တွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီး တစ်လုံးကျထားကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယမန်ည ၈နာရီ ၄၀ မိနစ်ခန့်က ခလရ ၅၈ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ