ကာမိုင်းမြို့ စစ်ဆေးရေးဂိတ်အနီး ပစ်ခတ်ခံရသည့် ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းဂိတ်အနီးတွင် ဩဂုတ်လ ၁၁ ရက်နေ့ ညက ပစ်ခတ်ခံရသည့် မအူပင်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

မအူပင်ပြည်သူ့စစ်ခေါင်းဆောင်သည် မအူပင်နှင့် ကာမိုင်းစစ်ဆေးရေးဂိတ်အနီး ကားမောင်းနေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
ကာမိုင်းမြို့ စစ်ဆေးရေးဂိတ်အနီး ပစ်ခတ်ခံရသည့် ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး
“မျက်မြင်မရှိဘူး သေနေမှ တွေ့ကြတာ၊ သူက မအူပင်မှာ ဂိတ်ထိုင်တာ၊ မအူပင်အဖွဲ့တွေက နိုင်ငံရေးရှုပ်လာတော့ မအူပင်မှာမနေရဲလို့ နန့်ယားမှာ ပြန်လာပေါင်းတာပေါ့၊ သူ့အိမ်က ကာမိုင်းမှာတဲ့၊ သူကာမိုင်းသွားတဲ့အချိန်ပစ်ခံရတာနေမှာ၊ ပြည်သူစစ်က နန့်ယားမှာလည်း ရှိသေးတယ်” ဟု သူကပြောသည်။
သေဆုံးသူ မအူပင် ပြည်သူ့စစ်ခေါင်းဆောင်သည် ဦးတင်အောင်ဖြစ်ပြီး အသက် ၅၄ နှစ် အရွယ်ဖြစ်ပြီး ခန္ဒာကိုယ်တွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကားမိုင်းဒေသအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်ထားကြောင်း သူက ဆက်ပြောသည်။
“ခဏက အဲ့လမ်းဖြတ်ခဲ့တော့ ဂိတ်တွေမှာရော အသင့်အနေထားရှိနေတယ်၊ မအူပင်မှာ သူက ပြည်သူ့စစ်အနေနဲ့ နေတာပေါ့၊ သူသေတာကို အဲ့နားက လူတွေတောင် မသိကြဘူး၊ လောခ့်ဒေါင်းလည်းလုပ်ထားလို့လေ၊ အပြင်လည်း မထွက်ကြဘူး” ဟု သူကဆက်ပြောသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပြည်သူ့စစ်ခေါင်းဆောင်များ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ကြံသတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပွားနေပြီး လွန်ခဲ့သည့် သုံးလအတွင်း ပြည်သူ့စစ်ခေါင်းဆောင်အချို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ