ဝိုင်းမော်တွင် ကျောင်းအပ်နှံရန် အုပ်ချုပ်ရေးမှူးများ စည်းရုံးနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာတွင် ကတုတ်ကျင်းတူးထားသောကြောင့် ဖမ်းဆီးခံရသည့် အမျိုးသား ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြန်လွတ်လာကြောင်းသိရသည်။

အဖမ်းခံရသည့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းစဉ် ရိုက်နှက်ခဲ့ပြီး ယမန်နေ့ကပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ညသန်းခေါင်လောက် အိမ်ထဲ ဝင်စစ်တာ အိမ်မှာလည်း သူတစ်ယောက်ထဲရှိပြီး ဗုံးခိုကျင်း အကြီးကြီးတူးထားလို့ သံသယရှိလို့ ဖမ်းတာ၊ ၅၈ မှာ ဖမ်းခေါ်သွားတယ် အဲ့နေ့မှာ သူ့ကို နည်းနည်းပါးပါး ရိုက်တာပေါ့ ရိုက်ပြီး စစ်မေးတော့ ၅၈ မှာ တစ်ရက်ချုပ်ထားတာပေါ့” ဟု သူကပြောသည်။

ဖမ်းဆီးခံသူသည် စစ်ဆေးမေးမြန်ချိန် ပါးနှင့် ခေါင်းတွင် ရိုက်နှက်ခံခဲ့ရပြီး လက်ရှိအချိန်၌ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သူကဆက်ပြောသည်။

ဝိုင်းမော်မြို့ မဒိန်ကျေးရွာအုပ်စု ခကွန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းခြောက်ဦးကိုလည်း ဩဂုတ်လ ၉ ရက်နေ့၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့သည်။

ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းခြောက်ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့လိုက်ကြောင်းသိရပြီး အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ ခလရ ၅၈ တပ်ရင်းတွင် ဩဂုတ်လ ၃ ရက်နေ့မှစ၍ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ မွေးမြူထားသော ဝက်များသေခဲ့ပြီး၊ နေအိမ် ခြောက်အိမ် ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ