ရွှေကူတွင် စစ်ကောင်စီသင်္ဘောတစ်စီးကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီး ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က စစ်ကောင်စီ၏ သင်္ဘောတစ်စင်းဖြတ်လာချိန် ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောတစ်စင်း ကျောက်ကြီးမြို့အနီး ရောက်ရှိချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

ရွှေကူတွင် စစ်ကောင်စီသင်္ဘောတစ်စီးကို ကေအိုင်အေတိုက်ခိုက်

 

“ဟုတ်တယ်။ ပစ်နေကြတယ်။ နှစ်ဖက်လုံးပစ်တာ ဆက်တိုက်ပစ်နေကြတယ်” ဟုပြောသည်။
ပစ်ခတ်သံအား ရွှေကူမြို့အတွင်းကပင် ကြားနေရကြောင်း ရွှေကူမြို့ဒေသခံ တစ်ဦးက ထပ်မံအတည်ပြု ပြောကြားသည်။
“ကျောက်ကြီးဘက်မှာ သင်္ဘောတက်ခဲ့လို့ပစ်နေတယ်တဲ့ လက်နက်ကြီးမို့ ဒီထိကြားရတာ အခုလည်းကြားနေရတယ်” ဟု သူကပြောသည်။
စစ်ကောင်စီသင်္ဘောသည် ယခုချိန်၌ ရွှေဘုံသာ ကျော်၍ ရွှေကူဆိပ်ကမ်းအနီးတို့ ရောက်လုနီးပြီဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော သုံးစင်းကို ကေအိုင်အေက ပစ်ခတ်ခဲ့ပြီး တစ်စင်းထိမှန်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ