အင်း​တော်ကြီး​ဒေသ မိုင်းနောင်​ကျေး​ရွာ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ မိုင်းနောင်ကျေးရွာ အနီးတွင် ယမန်နေ့ ည ၁၀ နာရီခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပစ်ခတ်မှုသည် ၁၅မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး မည်သူတို့ပစ်ခတ်​နေသည်ကို မသိ​ကြောင်း ​အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 media ကို ​ပြောသည်။

အင်း​တော်ကြီး​ဒေသ မိုင်းနောင်​ကျေး​ရွာ

 

“သေနတ်သံတွေက အချက်ရေက စိပ်တယ် အများကြီးပဲ။ အရင်က မပစ်ဖူးဘူး”ဟု သူကပြောသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ​အနီးအနားရှိ​ကျေးရွာမှ ဒေသခံပြည်သူများ စိုးရိမ်​နေကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ