ဝိုင်းမော်ဘူးဂါးလျှပ်စစ်ရုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှပ်စစ် ရုံးခွဲအား ယမန်နေ့ည ၁၂ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအမြောက်အများဖြင့် ဝင်ရောက်မွှေနှောက်ရှာဖွေကာ ဝန်ထမ်း ၆ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

စစ်ကောင်စီတပ်များ ဖမ်းဆီးခေါ်ဆောင်သွားသော ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်းများမှာ တိန့်ဇုန်း၊ ဆင်ဝါးတူး၊ ရန်နိုင်လင်း၊ သန့်ဇင်မျိုး၊ ခိုင်မျိုးသူ နှင့် လုပ်အားပေးလုပ်ကိုင်နေသော ဆိုင်းဂူတို့ဖြစ်ကြောင်း ကနဦး စုံစမ်းမှုအရသိရသည်။
ကေအိုင်အိုအဖွဲ့၏ ဘူးဂါးလျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီသည် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ လျှပ်စစ်ဓါတ်အားဖြန့် ဖြူးပေးနေသည်။

သတင်းအပြည့်အစုံကို ဆက်လက်စုံစမ်းတင်ပြပေးသွားမည်။

သင့်ထင်မြင်ချက်ရေးပေးပါ