KIA အဖွဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်တိန်း‌ကျေးရွာအနီး ယနေ့ နံနက်၇နာရီခွဲခန့်က ခြေလျင်ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကေအိုင်အေက တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲကြောင့် နန့်တိန်းကျေးရွာအနီး ပစ်ခတ်သံများကို နာရီဝက်ခန့် ကြားခဲ့ရကြောင်း ခရီးသွားပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဖြစ်တာက တောထဲက အသံတွေကြားနေရတာ၊ ကျွန်တော်တို့က ဖြစ်တဲ့အချိန်ရောက်သွားတာ တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်းနဲ့ပဲ ကျွန်တော်တို့တောင် ရှေ့သွားရမလို နောက်သွားရမလိုဖြစ်နေတာ” ဟု သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေ တပ်မဟာ ၉ အမှတ် ၄၄ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာသို့ ဩဂုတ်လ ၅ ရက်နေ့က စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များက ကေအိုင်အေ ထောင်ထားသည့် မိုင်းနင်းမိပြီး အထိအခိုက်များ ရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ