မံစီမြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိသဖြင့် ယောကျာ်းလေးတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ့်မဖွဲ ကျေးရွာအုပ်စု၊ မိတုံကုန်းကျေးရွာတွင် ဩဂုတ်လ ၆ ရက် မွန်းလွှဲ ၂ နာရီခွဲခန့်က မိုင်းနင်းမိ၍ ယောကျာ်းလေးတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

မံစီမြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိသဖြင့် ယောကျာ်းလေးတစ်ဦး သေဆုံး

မိတုံကုန်းကျေးရွာရှိ ခ.မ.ရ (၃၁၉) နှင့် အမြောက်တပ် (၃၅၂) ကြားတွင်ရှိသည့် တောင်ယာကုန်းတွင် ကျွဲကျောင်းသွားရာမှ မိုင်းနင်းမိခြင်းဖြစ်သည်ဟု အမည်မ​ဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“မိတုံကုန်းကျေးရွာ အနောက်ဘက်က။ တောင်ယာကုန်းလို့ပြောတာပဲ။ ၃၁၉ တပ်နဲ့ အမြောက်တပ်ကြား တောင်ယာကုန်း မှာ ကျွဲကျောင်းသွားတုန်းက ဖြစ်တာ။ မိုင်းနင်းမိပြီးဝောာ့ ဗန်းမော်ဆေးရုံကိုပို့တယ်။ ဗန်းမော်ဆေးရုံကနေ မ.စ.ရ (၁၁) ကိုပြန်ပို့ပေးခဲ့တယ်ပေါ့။ ဆေးရုံကိုတော့ အချိန်မီရောက်သွားပေမယ့်လည်း ခွဲစိတ်ခန်းဝင်ခါနီး ၇ နာရီ ၂၀ လောက်မှာ ဆုံးသွားတယ်လို့သိရတယ်” ဟုသူပြောသည်။
သေဆုံးသူသည် ၁၆ နှစ်အရွယ် မောင်နော်ဆန့်ဆိုသူဖြစ်ပြီး ညာဘက်ခြေသလုံးအောက်ပြတ်၍ ဘယ်ခြေထောက်နှင့် လက်နှစ်ဖက်တွင် မိုင်းစထိမှန်ခဲ့ကြောင်း သူကဆက်ပြောသည်။
မံစီမြို့နယ် နာဇရပ်ရပ်ကွက်တွင် ဇွန်လ ၈ ရက်နေ့ကလည်း ကျောင်းသွားပို့သော ပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည်။

ကချင်ပြည်နယ်တွင်ဖြစ်ပွားသည့် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိမှု၊ ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဧပြီလမှ ဇူလိုင်လအတွင်း အသက်မပြည့်သည့် ကလေးသူငယ် (၂) ဦးသေဆုံးခဲ့ပြီး ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ