မိုင်းနား KBC စစ်ရှောင်စခန်း

ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ကန့်သတ်နယ်မြေသတ်မှတ်ထားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာမှ KBC စစ်ရှောင်စခန်းတွင် သက်ကြီးရွယ်အိုများအတွက် အစာအာဟာရ နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

မိုင်းနား KBC စစ်ရှောင်စခန်း

 

မိုင်းနား KBC စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၃၅ ဦးရှိလာပြီး ကန့်သတ်နယ်မြေ သတ်မှတ်ထား သောကြောင့် စခန်းအတွင်းမှ သက်ကြီးရွယ်အိုများအတွက် အစာအဟာရနှင့် ဆေးဝါးများ လိုအပ်နေခြင်း ဖြစ်သည်ဟု စခန်းတာဝန်ခံ တစ်ဦးက The 74 Media ကိုပြောသည်။
“အသက်ကြီးရွယ်အိုတွေရဲ့ အာဟာရတွေ လိုအပ်တယ် အရမ်းအရေးကြီးနေတယ် ဖျားတဲ့သူတွေတော့ အာဟာရချို့တဲ့လို့ ဖြစ်တဲ့ပုံစံတွေ့လာတယ် ကျွန်တော်တို့ကို ကူညီပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ် ဆက်လက်ပြီးတော့လည်း ကူညီပေးဖို့လိုအပ်ပါတယ် အဓိက ကတော့ အစားအသောက်နဲ့ ဆေးဝါးပါ” ဟုသူကပြောသည်။
စစ်ရှောင်စခန်းမှ ပိုးတွေ့လူနာ ၃၅ ဦးတွင် နှစ်ဦးမှာ သက်သာလာ၍ ဆေးရုံမှ ဆင်းလာပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

လူဦးရေ စုစုပေါင်း ၂၉၁၆ ဦး နေထိုင်သည့် မိုင်းနား KBC စစ်ရှောင်စခန်းကို ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ပိုးတွေ့ရှိမှုနှုန်း များလာသောကြောင့် အဝင်အထွက်ပိတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *