Breaking News 47 Media

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခ.လ.ရ (၅၈) တပ်တွင် ဩဂုတ်လ ၃ ရက်နေ့ ညနေ ၇ နာရီ ခွဲအချိန်မှစတင်ကာ လက်နက်ကြီး လက်နက်ငယ်သံများပြန်ကြားနေရကြောင်းသိရသည်။

ခ.လ.ရ (၅၈) တပ်တွင် ယနေ့ညနေ ၇နာရီခွဲအချိန်မှ စတင်၍ ၁၅ မိနစ်ကြာ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“ လက်နက်ကြီးကောသေး‌ရော အစုံပဲ၊ အဆက်မပြတ် လက်နက်ကြီး ငါးချက်လောက် အသေးကတော့ဆက်တိုက်ပဲဘယ်ကနေပစ်လို့ပစ်မှန်းတောင်မသိတော့ဘူး” ဟု သူကပြောသည်။
ထို့ပြင် ပစ်ခတ်သံများကို မြစ်ကြီးနားဘက်မှလည်း ဆယ်ချက်ကျော် ကြားရကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
“အိမ်ကနေ ကြားတာ ၁၀ ချက်ကျော်ပြီ လက်နက်ကြီးအသံ အခုကော နောက်တစ်ချက် အခုပြောနေရင်း တောင် ၁၀ ချက်ကျော်ပြီ” ဟုသူကပြောသည်။

ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီးရှိ ခလရ ၅၈ တပ်တွင် ယနေ့နံနက် ၁ နာရီအချိန် လက်နက်ကြီး ပစ်ခတ်မှု့ကြောင့် မပေါက်ကွဲသေးသော လက်နက်ကြီးတစ်လုံး ဝိုင်းမော်- ဝါးရှောင်လမ်းမကြီးပေါ်တွင် ကျရောက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ