Breaking News 47 Media

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ စစ်ကောင်စီက ယနေ့ည လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးအချို့ လိုင်ဇာမြို့အနီးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက the 74 Media ကို အတည်ပြုသည်။

“၁၁ နာရီ ၁၀ မိနစ်လောက်မှာ တစ်လုံးကျတာ။ နောက် ၈ မိနစ်နေတော့ နောက်တစ်လုံးကျတာ။ ဘယ်နားကျလဲတော့ မသိဘူး၊ စစ်ခွေးတွေက သူတို့အထိနာရင် အဲလိုပစ်နေကျပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ ဝိုင်းမော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ) ၅၈ အနီး ယနေ့ည ၁၀ နာရီနောက်ပိုင်း ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီးနောက် လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဝိုင်းမော်မြို့နယ်အတွင်း ဇူလိုင် ၃၀ ရက်ညမှစတင်ကာ ကေအိုင်အေက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ညသန်းခေါင်းယံအချိန်တွင် လိုင်ဇာမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ