Breaking News 47 Media

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာ အနီး ယနေ့ ဇူလိုင်လ ၁၆ ရက်၊ ညနေ ၄ နာရီ ခန့်မှစတင်ကာ KIA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။

နန့်ယားကျေးရွာအခြေအစိုက် စစ်တပ်စခန်းက လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဆိုင်းဖရာကျေးရွာ အနီးဝင်းကျင်တွင် လက်နက်ကြီးများ (၅) ကြိမ် ကျရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခုပြန်ပစ်နေပြီ၊ လက်နက်ကြီးတွေ ရမ်းပစ်နေတာနေမှာ ရွာထဲတော့ မဟုတ်ဘူး၊ ရွာဘေး ကပ်လျက်ကျတာ၊ ကွန်ဆိုင်ရွာထိပ်ဘက် ပစ်နေကြတာ၊ ရွာထဲမှာက စစ်ကောင်စီတပ်တွေ အိမ်တွေထဲဝင်မွှေသွားတာတွေလည်း ရှိတယ်” ဟု သူကပြောသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက် အထိအခိုက် များကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဇူလိုင် ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲမှ စ၍ တိုက်ပွဲဖြစ်သောကြောင့် ခိုင်ရွန် (Hkairun) ကျေးရွာ ဂေါ်လုယန် (Gawlu yang) ကျေးရွာ နှင့် ကွန်ဆိုင် (Kumtsai) ကျေးရွာများမှ ပြည်သူ ၂၀၀ ကျော် ထွက်ပြေး စစ်ရှောင်နေရဆဲဖြစ်သည်။

ဂေါ်လုယန်ကျေးရွာ၊ ဖုန်းတာဝါတိုင်အနီးတွင် ဇူလိုင်လ (၁၄) ရက်နေ့ ညနေ (၃) နာရီခွဲအချိန်မှစ၍ KIAတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း များရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ