မိုးကောင်းတွင် ကိုဗစ်၁၉ ပိုးတွေ့သူ ၁၄ ဦးထပ်တိုး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ဇူလိုင်လ ၈ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသူ ၁၄ ဦးထပ်တိုးကြောင်း သိရသည်။

မိုးကောင်းတွင် ကိုဗစ်၁၉ ပိုးတွေ့သူ ၁၄ ဦးထပ်တိုး

 

ကိုဗစ်၁၉ ပိုးတွေ့ရှိသူ ၁၄ ဦးမှ ၆ ဦးသည် ယမန်နေ့က ပိုးတွေ့လူနာနှင့် ဆက်စပ်မှုရှိသူများဖြစ်ပြီး ကျန်ပိုးတွေ့သူများမှာ တခြားနယ်မှ ရောက်ရှိလာသူများဖြစ်ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့အယောက် (၄၀) စစ်တာ ၁၄ ယောက်ပြန်တွေ့တယ်။ မနေ့ကပိုးတွေ့လူနာနဲ့ ဆက်စပ်မှုရှိတဲ့သူတွေက ၆ ယောက်။ တခြားသူတွေကျတော့ တနိုင်းက ကုမ္ပဏီလုပ်သားတွေ မှော်သမားတွေပေါ့။ အဲ့ဒါသူတို့ပြန်လာတာကို မြို့ထဲအဝင်မခံဘဲ စစ်ဆေးလိုက်တာ တချို့ပိုးတွေ့တာ။ သူတို့နေအိမ်တွေကိုတော့ လော့ဒေါင်းတွေချပြီးပြီ” ဟုသူကပြောသည်။
တနိုင်းမှ ပြန်လာသူများတွင် အနံ့ပျောက်နှင့် နေမကောင်းဖြစ်နေသူများလည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။
ကိုဗစ်၁၉ ပိုးတွေ့ရှိသူ ၁၄ ဦးတို့တွင် စည်ပင်ဝန်ထမ်း မိသားစုများပါဝင်ပြီး အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ဖြစ်သည်။ ပိုးတွေ့ရှိသူများကို မြို့နယ် အားကစားကွင်း၌ ထားရှိကြောင်း သိရသည်။
ကိုဗစ်၁၉ပိုးတွေ့ရှိသူများသည် ရွာသစ်၊ အောင်မင်္ဂလာ၊ နတ်ကြီးကုန်း၊ နောင်ကိုင်တော်(ရုံးဟောင်း)၊ စည်ပင်ဝန်ထမ်းမိသားစု၊ ဈေးကုန်း၊ မြို့ဦး၊ စေတုံရပ်ကွက်တို့တွင် နေထိုင်သူများဖြစ်သည်ဟု သိရသည်။

မိုးကောင်းမြို့တွင် ဇူလိုင်လ ၆ ရက်နေ့တွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ ၁၈ ဦးနှင့် ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့တွင် တွေ့ရှိသူ ၁၄ ဦးနှင့် ယနေ့ဇူလိုင်လ ၈ ရက်နေ့တွင် တွေ့ရှိသူ ၁၄ ဦးရှိရာ သုံးရက်အတွင်း စုစုပေါင်းလူဦးရေ ၄၆ဦးရှိလာပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ