စစ်ကောင်စီတပ်(စကစ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှ စစ်ကောင်စီတပ် ခမရ (၃၂၁) တပ်ရင်းကို ယနေ့ည ၈ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ခမရ ၃၂၁ တပ်ရင်းတွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“၃၂၁ မှာဖြစ်နိုင်တယ် လက်နက်ကြီးသံ တိုးတိုးလေးက ၁၀ ချက်ကျော်ကြားရတယ် နှစ်ချက်က အသံကျယ်တယ် လန့်တောင်လန့်သွားတယ် လက်နက်ငယ်သံတော့မကြားဘူး အောင်မြေတစ် ကနေတော့ မီးပွင့်တာတောင်မြင်ရတယ်တဲ့” ဟုသူကပြောသည်။
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ရှိပြီး ခရီးသွားများကို စစ်ဆေးဖမ်းဆီးမှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ