တယ်လီနောမြန်မာကုမ္ပဏီ

မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောမြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစုအားလုံးကို M1 Group သို့ရောင်းချလိုက်ကြောင်း ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

နော်ဝေနိုင်ငံအခြေစိုက်ကုမ္ပဏီ Telenor Group ၏ အခွဲတစ်ခုဖြစ်သည့် တယ်လီနောမြန်မာကုမ္ပဏီသည် လက်ဘနွန်နိုင်ငံအခြေစိုက် M1 Group သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
တယ်လီနောကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “ကုမ္ပဏီကို ရောင်းချရသည်မှာ မြန်မာနိုင်ငံ၏ ဆက်လက်ဆိုးဝါးလာသော အခြေအနေနှင့် လတ်တလောအဖြစ်အပျက်များကြောင့် ဖြစ်သည်” ဟု ဖော်ပြထားသည်။
ကုမ္ပဏီကိုရောင်းချလိုက်သော်လည်း တယ်လီနောဖုန်းလိုင်း၏ဝန်ဆောင်မှုများ၊ ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် ယခင်အတိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တယ်လီနောဖုန်းလိုင်းအသုံးပြုသူ ၁၈.၇ သန်းရှိသည်ဟု The Diplomat သတင်းဌာနက ဖော်ပြထားသည်။
တယ်လီနောမြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးရာဝန်ဆောင်မှုများလုပ်ဆောင်ရန် ၂၀၁၃ ခုနှစ်တွင် ၁၅ နှစ်လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဖုန်းလိုင်းများရောင်းချခွင့် (လိုင်စင်) ရရှိခဲ့သည်။

Photo Credit – Myanmar Times

သင့်ထင်မြင်ချက်ရေးပေးပါ