ဟိုပင်တွင် ကိုဗစ်၁၉ ပိုးတွေ့လူနာ ၂၉ ထပ်တိုး

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် လွန်ခဲ့သည့် ဇူလိုင်လ 4 လေးရက်နေ့က စစ်ဆေးခဲ့သည့် ကိုဗစ်၁၉ ပိုးတွေ့လူနာ ၁၈ ဦးနှင့် ဆက်စပ်သူ၂၉ ဦးတွင် ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့က ထပ်မံပိုးတွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ ၁၈ ဦးနှင့် ဆက်စပ်သူ ၁၁၅ ဦးကို စစ်ဆေးကြည့်ရာ ၂၉ ဦး ထပ်မံပိုးတွေ့ရှိပြီး ၎င်းတို့ကို ဆေးရုံတွင်မထားဘဲ နေအိမ်၌သာ home quarantine အဖြစ်နေထိုင်‌ေစသည်ဟု ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“၂၉ ဦး ပိုးတွေ့တာကို အားလုံးကို အိမ်ပြန်ခိုင်းတယ် ဆေးရုံမှာမထားဘူး home quarantine နေခိုင်းတယ်။ positive မပြတဲ့သူတွေကိုကျတော့ အိမ်မှာ ၇ ရက်နေခိုင်းပြီး positive ပြတဲ့သူတွေရဲ့နေအိမ်ကိုတော့ ကန့်သတ်နယ်မြေဆိုပြီးကပ်ထားတယ်” ဟုသူက ပြောသည်။
စစ်ဆေးမှုကို ဟိုပင်မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ပြီး ပိုးတွေ့လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဟု ပြောခဲ့ကြောင်း သူကဆက်ပြောသည်။

ဟိုပင်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၁၈ ဦးရှိပြီး ယနေ့မှာ ၂၉ ဦးထပ်မံတွေ့ရှိရ၍ စုစုပေါင်း အတည်ပြုလူနာ ၄၇ ဦး ရှိလာပြီဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ