ဗလမင်းထင်တံတား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဗလမင်းထင်တံတား အနီးတွင် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်က ဝိုင်းမော်ဘက်မှလာသော ကားအား သေနတ်ဖြင့် ပစ်ခတ်ရာမှ အနီးရှိ ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်ဘက်မှ လာသော ကားတစ်စီးကို စစ်ဆေးရန် ကားရပ်ခိုင်းသည်ကို မရပ်တန့်ပဲ နောက်ပြန်လှည့်သွားသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ရာ အနီးရှိ သစ်သီး‌ေဈးသည်ကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်‌သည်ဟု ‌ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုရသည်။
“ ဝိုင်းမော်ဘက်ကနေ လာတဲ့ ကားကို မိုင်းနား ရဲစခန်းနားမှာ စစ်ဖို့ ရပ်ခိုင်းတာ မရပ်ဘဲ နောက်ပြန်လှည့်သွားတော့ ကားကို သေနတ်နဲ့ပစ်တာ ကားကို မထိဘဲ အဲ့နားက အသီးသည် တစ်ယောက်ကို ထိသွားတယ်” ဟုသူကပြောသည်။
သေနတ်ထိမှန်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းထားပြီး လူနာ အခြေအနေ မကောင်းကြောင်း သူက ဆက်လက်ပြောသည်။

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားတွင် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ညကလည်း သေနတ်ပစ်ခတ်သံများကြားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ