COVID-19 Update

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွားမှ ကိုဗစ်၁၉ ပိုးတွေ့လူနာတစ်ဦး ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇:၁၇ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ဝိုင်းမော်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဝူယန်ကျေးရွာမှ ပိုးတွေ့အမျိုးသားသည် ဇူလိုင်လ ၅ ရက်နေ့က ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေချိန် ကွယ်လွန်သွားခြင်းဖြစ်သည်။
ဝူယန်ကျေးရွာတွင် အသွားအလာကန့်သတ်ထားသူများကိုလည်း ယနေ့ ကိုဗစ်၁၉ ရောဂါကူးစက်မှုရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သူက ရေးသားထားသည်။
သေဆုံးသူအမျိုးသား၏ နာရေးကိစ္စကို ပေးဆပ်သူလူမှုကူညီရေးအသင်းမှ ကိုဗစ်၁၉ စည်းကမ်းများနှင့် အညီပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ် ၁၉ တတိယလှိုင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ပိုးတွေ့လူနာ စုစုပေါင်း ၄၂ ဦးရှိပြီဖြစ်ပြီး ဝိုင်းမော်မြို့နယ် မခန်းတီးကျေးရွာမှ ၂၅ ဦး၊ ခတ်ချိုကျေးရွာ နှစ်ဦး၊ မုတ်လွဲကျေးရွာ နှစ်ဦး၊ ဝူယန်ကျေးရွာ တစ်ဦးနှင့် ဝိုင်းမော်မြို့ ရပ်ကွက် (၁) တွင် ၁၀ ဦး၊ ရပ်ကွက် (၄) တွင် တစ်ဦး၊ ရပ်ကွက် (၅) တွင် တစ်ဦးတို့ဖြစ်သည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာန သတင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့ထိ ပိုတွေ့ရှိသူ စုစုပေါင်း (၁၈၉) ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ