ဖားကန့်

ဖားကန့်မြို့နယ်၊ မော်မောင်းလယန်အုပ်စု ရေအေးချောင်းနှင့် ကုလားချောင်လမ်း ကြားတွင် ယနေ့ ဇူလိုင်လ ၅ ရက်နေ့၊နေ့လည် ၁၁ နာရီ ခွဲခန့်က ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“မော်မောင်းလယန်ကိုက အပေါ်လမ်းအောက်လမ်းသွားလို့ရတယ်၊ ခုက မော်မောင်းလယန် ကုန်းတက် ကုလားချောင်လမ်းခွဲ မရောက်ခင် ကွဲပုံရတယ်၊ တစ်လုံးတည်းကွဲတာ၊ အဲ့နားက လူနေအိမ်တွေပဲ ရှိတာ ညာဘက်က ရေအေးချောင်း၊ ဖားကန့်ကနေအကျယ်ကြီးကြားရတယ်” ဟု သူကပြောသည်။
ယခုပေါက်ကွဲမှုကြောင့် လူအထိအခိုက် ရှိ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်ရှိ နေရာတစ်ချို့တွင် မေလအတွင်း မကြာခန ပေါက်ကွဲသံများ ဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ