KPDF

စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ကေအိုင်အေနှင့် KPDF ပူးပေါင်းတပ်က ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများကြောင်း KDPF က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အထိနာသဖြင့် မိုးတားကြီး -နမ့်စမ်း -မှတ်တိုင် -ဟဲနား -ဆူးပုတ်ကုန်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းတမ်းပစ်ခတ်မှုများရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
KPDF အနေဖြင့် လူထုကို ထိခိုက်မှုမရှိနိုင်သည့် စစ်ဆင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်ကြောင်းလည်း ရေးသားထားသည်။
ကသာမြို့နယ် နမ့်စမ်းကျေးရွာနှင့် နောင်ပင်ကျေးရွာတို့တွင် ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၄ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ကသာ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့၏ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မူရင်းလင့်ခ်ကို ကြည့်ရန် –
သင့်ထင်မြင်ချက်ရေးပေးပါ