COVID-19 Update

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ ၂၅ ဦး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှ ၂၅ ဦး၊ ဗန်းမော် ၁၃ ဦး၊ မိုးညှင်း ၆ ဦး၊ ရွှေကူ ၁ ဦးနှင့် မိုးမောက် ၁ ဦးရှိသဖြင့် တစ်ရက်တည်းတွင် ပိုးတွေ့လူနာစုစုပေါင်း (၄၆) ဦး ထပ်တိုးလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ယနေ ဇူလိုင် ၃ ရက်နေ့ထိကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂၁ ဦးဖြစ်ပြီး ၆၅ ဦးမှာ မြစ်ကြီးနားမြို့မှ ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ