​မိုးညှင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ စိမ်းရတနာမွန်ရပ်ကွက်မြောက်ပိုင်းတွင်​နေထိုင်​သော လူငယ်ငါးဦးကို ဇွန် ၂၄ရက်နေ့ မွန်းလွဲနှစ်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ လူငယ်ငါးဦးကို အမည်နှင့် လိပ်စာအတိအကျဖြင့် လာရောက်ရှာဖွေ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“စိမ်းမြောက်မှာ ငါးယောက်အဖမ်းခံရတာက ဟုတ်တယ်။ အဲ့​နေ့ မနက်ပိုင်းက တစ်ယောက်ကို အရင်မိတာ။ တိတိကျကျကိုလာဖမ်းသွားတာ။ ဖုန်းစစ်ကြည့်တော့ တစ်ခုခုတွေ့သွားပုံရတယ်။ သူ့ကိုရိုက်စစ်ရင်းနဲ့ ဆက်စပ်ရာကို ပြန်လိုက်တာပါ။ ကျန်တဲ့သူတွေက နေ့လယ်မှာ အဖမ်းခံလိုက်ရတာ”ဟု ပြောသည်။
အဆိုပါလူငယ်များအား သပိတ်တွင်ပါဝင်သည်ဟုစွပ်စွဲကာ စစ်ကြောရေးသို့ခေါ်ဆောင်သွားသည်ဖြစ်ပြီး နှိပ်စက်ခံနေရကြောင်း သူကဆက်ပြောသည်။
ဖမ်ဆီးခံရသူ လူငယ် ငါးဦးသည် မည်သူမည်ဝါဖြစ်​ကြောင်းကိုမူ The 74 Media က မသိရှိ​သေးပါ။

မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဆန္ဒပြသပိတ်တွင် ပါဝင်သည့်ပြည်သူများအား လိုက်လံရှာဖွေဖမ်းဆီးခြင်းများပြုလုပ်​နေကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ