မိုးကောင်းတွင် သားအဖနှစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ အမှတ်၃ ရပ်ကွက်မှ ဖမ်းဆီးသွားသော သားအဖနှစ်ဦးကို ၁၀ ရက်မြောက်သည်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

မိုးကောင်းတွင် သားအဖနှစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

မောင်ကျော်ဇောဦးနှင့် ဖခင်ဖြစ်သူအား ဇွန်လ ၁၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မိသားစုနဲ့ အဆက်သွယ်လည်းမရဘူး ဘယ်ခေါ်သွားလည်း မသိသေးဘူး အခုထိ စုံစမ်းနေဆဲဘဲ” ဟု သူကပြောသည်။

မောင်ကျော်ဇောဦးကို နေအိမ်တွင်လာရောက်ဖမ်းဆီးသွားပြီး ဖခင်ဖြစ်သူကို ဆိုင်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့မှ အိမ်စီးကားဖြင့်လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ၏ NLD ဥက္ကဌ ဦးကျော်အုန်းကိုလည်း ဇွန်လ ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ စုစုပေါင်း ၁၆ ဦးခန့်ရှိပြီ ဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ