ရှဒူဇွပ်​ကျေးရွာရှိ စစ်​ရှောင်စခန်းမှ ပြည်သူများ စားနပ်ရိက္ခာ ခက်ခဲ​နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအတွက် ခက်ခဲလျက် ရှိနေသည်ဟု စစ်ရှောင်များထံမှ သိရသည်။

ထောက်ပံ့ကူညီမှုရရှိသော်လည်း လုံလောက်မှုမရှိ​သော​ကြောင့် ခက်ခဲနေသည်ဟု စစ်ရှောင်တစ်ဦးက The 74 Media ကို ပြောသည်။
“အခုက အစားအသောက်နဲ့ပတ်သက်ပြီး အရမ်းကိုခက်ခဲနေပါတယ်၊ ဘယ်မှလည်းသွားပြီး ထွက်ရှာလို့က မရ၊ နေ့စားတွေလည်းမသွားရ၊ စားဖို့ပေးတာက ဂရုဏာကပေါ့၊ ဘယ်မှသွားရှာလို့ မရတဲ့သူတွေအတွက်ကျတော့ ဆန်ဖိုးလောက်ပဲ ဖြစ်နေတာပေါ့၊ ကလေးတွေဘာတွေ ကျောင်းတက်ရင်လည်း အဝေးကြီးသွားရှာလို့မရဘူးပေါ့ ” ဟု ပြောသည်။
ထို့အပြင် ရှဒူဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်မှ နေ့စဥ်နီးပါး ပစ်ခတ်သည့် လက်နက်များကြောင့်လည်း စိုးရိမ်နေကြရသည်ဟု​ပြောသည်။
“ညတိုင်းလိုလိုလည်းပစ်၊ ရက်ခြားပြီးတော့လည်းပစ်တယ်၊ အဲ့လိုဆိုတဲ့အခါကျတော့ ကျွန်မတို့စစ်ရှောင်ထားသူတွေက ပိုကြောက်၊ ပိုစိုးရိမ်နေရတာပေါ့၊ အလုပ်လုပ်နေရင်းလည်းကြား၊ နေ့တိုင်းကြားနေရတော့ အမြဲသတိထားနေရတာပေါ့ ” ဟု ပြောသည်။

ထိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း ၂၅ ခု နှင့် လူဦးရေစုစုပေါင်း ၁၁၄ ယောက်ရှိပြီး လောဒ်ဂျာ၊ အောင်လေး၊ ခဒဇွမ်၊ အောင်လောဒ် နှင့် နမ်ဗျူ စသည့် ရွာများမှ စစ်ရှောင်လာခဲ့ကြသူများဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ ရွှေ့ပြောင်းခဲ့ကြသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ