မိုးညှင်းမြို့ နားခါရပ်ကွက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ မြို့မဈေးထောင့်တွင် ယနေ့ည ရှစ်နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့တင်များက ပြည်သူများကို လိုက်လံပစ်ခတ် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

ဈေးနားတွင် ဖြတ်သန်းသွားသော ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ကာ ပြည်သူနှစ်ဦးကို ဖမ်းဆီးလိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဈေးထောင့်မှာ ဆိုင်ကယ်တစ်စီးနဲ့တွေ့လို့ လိုက်ပစ်တယ်။ သေနတ်ပစ်သံ ခြောက်ချက်လောက်ကြားရတယ်။ အဲ့တစ်ယောက်က ရေလယ်ကျွန်းထဲဆင်းပြေးခဲ့လို့ ရေလယ်ကျွန်းရပ်ကွက်ထဲကို အိမ်စီးကားသုံးစင်းနဲ့ဝင်လာပြီး လူနှစ်ယောက်ကို ဖမ်းခေါ်သွားတယ်” ဟုသူကပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦးကို ရိုက်နှက်ပြီးဒူးထောက်ထားခိုင်းကာ ရပ်ကွက်အတွင်းရှိ နေအိမ်များထိ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ကိုးနာရီကျော်တွင် သေနတ် နှစ်ချက်ဖောက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှတစ်ဦးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်းသူကဆက်ပြောသည်။

နားခါးရပ်ကွက် မြို့မဈေးထောင့်တွင် ယနေ့နေ့လယ်က ဒေသခံပြည်သူများမှ စစ်ကောင်စီစနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုပြုလုပ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ