ကေအိုင်အေကြားဖြတ်တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်တွင် ယနေ့ည ၉ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

လက်နက်ကြီးသံများ နှစ်ချက်ခန့်ကြားရခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ကျရောက်သည်ကို မသိရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လိုင်ဇာကနေတော့ ကြားရတယ်၊ လက်နက်ကြီးနှစ်ချက်ပေါက်တာ၊ တစ်ချက်နဲ့ တစ်ချက်တော့ အချိန်နည်းနည်းကွာမယ်ထင်တယ်” ဟု ပြောသည်။

ဝိုင်းမော်မြို့နယ် မိုင်းနားစုပေါင်းဂိတ်ကို ကေအိုင်အေက ယနေ့ညနေ ၇ နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လိုင်ဇာမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ