Breaking News 47 Media

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထားသော ဗလမင်းထင်တံတားအနီး ဝိုင်းမော်ဘက်ခြမ်းတွင် ဇွန်လ၂၃ ရက်နေ့ ည ၈နာရီ ဝန်းကျင်ခန့်က လက်နက်ကြီးနှင့် လက်နက်ငယ်များ ပစ်ခတ်နေကြောင်းသိရသည်။

ဗလမင်းထင်တံတားထိပ်တွင် ည ၈ နာရီဝန်းကျင်အချိန် လက်နက်ကြီးဖြင့် အချက်ပေါင်း ၂၀ ကျော်နှင့် သေနတ်သံများကြားနေရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ လက်နက်ကြီးအသံနဲ့တူတယ် မြေကြီးတောင်တုန်တယ် အချက်ပေါင်းက ၂၀ ကျော်ရှိပြီ အဲ့တာတောင်သေချာ မရေထားဘူး လက်နက်ကြီးနဲ့ပစ်ပြီးတော့ သေနတ်သံပြန်ပစ်နေတယ်” ဟုသူကပြောသည်။
အခြားဒေသခံတစ်ဦးက ပစ်ခတ်သံများသည် ဗလမင်းထင်တံတားအနီးရှိ မခေါယန်ကျေးရွာအနီးမှ ထွက်ပေါ်နေခြင်းဖြစ်သည်ဟု ပြောသည်။
“မခေါယန်ကျေးရွာနားမှာ လက်နက်ကြီးပစ်သံကြားတယ်၊ တိုက်လေယာဉ်လည်း ပတ်ပျံနေတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အမှတ်၁၁ အခြေခံအထက်တန်းကျောင်းတွင် လွန်ခဲ့သော ဇွန်လ၁၆ ရက်နေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ