ရောခ့်အဆိုတော် ရေမွန် ကွယ်လွန်ကြောင်း Idiots အဖွဲ့ အတည်ပြု

နာမည်ကြီးရောခ့်တီးဝိုင်း Idiots အဖွဲ့မှ အဆိုတော် ရေမွန် ယနေ့ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏ Idiots အဖွဲ့က အတည်ပြုကြောင်း ၎င်းတို့၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ရောခ့်အဆိုတော် ရေမွန် ကွယ်လွန်ကြောင်း Idiots အဖွဲ့ အတည်ပြု

 

“မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပီ။ စိတ်ထားကောင်းတဲ့Raymond… ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း ” ဟုရေးသားထားခြင်းဖြစ်သည်။
ရေမွန်သည် ဆုလာဒ်၊ ဝမ်းနည်းတက်တဲ့ချစ်သူ၊ ချန်ခဲ့၊ သုံ့ပန်း၊ မင်းနဲ့နီးဖို့၊ တွေ့ရတဲ့အတွက်ဝမ်းသာတယ်၊ ငါသေလို့ရတယ်၊ နောက်ကျော စသည့် သီချင်းများနှင့် အောင်မြင်မှုကိုပိုင်ဆိုင်ထားသူဖြစ်သည်။
ရေမွန် ကွယ်လွန်သွားသောကြောင့် အနုပညာအသိုင်းအဝိုင်းက ၎င်းတို့၏ လူမူကွန်ယက်စာမျက်နှာတွင် ဝမ်းနည်းကြောင်းရေးသားထားကြသည်။

Photo : Credit

သင့်ထင်မြင်ချက်ရေးပေးပါ