မန္တလေး PDF လေးဦးကျဆုံး ၈ ဦးဒဏ်ရာရ

မန္တလေးမြို့ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်တွင် ယနေ့နံနက်က မန္တလေး PDF နှင့် စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်ကြရာ PDF တပ်ဖွဲ့ဝင်လေးဦးကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရသည်။

ဒဏ်ရာရရှစ်ဦးကို လက်လုပ်မိုင်းများ လက်နက်ငယ်များဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

သင့်ထင်မြင်ချက်ရေးပေးပါ