ကေအိုင်အေလက်နက်

ဖားကန့်မြို့နယ် တာမခန်မြို့သစ်ကျေးရွာနှင့် ဆယ်ဇင်း ကျေးရွာကြားရှိ ကျောက်ပုံရွာအနီးတွင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေ တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

တာခန်မြို့သစ်ကျေးရွာနှင့် ဆယ်ဇင်း ကျေးရွာကြားရှိ ကျောက်ပုံရွာအနီးတွင် စစ်ကောင်စီတပ်၏ ကားတစ်စီးမီးလောင်ပျက်စီးခဲ့ပြီး လက်နက်ကြီးသံများလည်းကြားရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ကားသုံးစီး ရိက္ခာသွားပို့တာတဲ့ စစ်သားတွေလည်း ပါတယ်လေ၊ ဟိုဘက်က လက်နက်ကြီးနဲ့ပစ်ချလိုက်တာ ကားတစ်စီးတော့ ပြာကျသွားတယ်တဲ့၊ ကေကိုင်အေ ဘက်က ပစ်တာ၊ ကျောက်ပုံရွာဘက်က လက်နက်ကြီးသံတွေ ကြားရတယ် မီးခိုတန်းတွေ မြင်ရတယ်” ဟု သူကပြောသည်။
စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာ ရရှိသူနှင့် သေဆုံးမှုရှိသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေ တို့အကြား နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း မိုးမောက်၊ မချမ်းဘော့နှင့် ဖားကန့်မြို့နယ်များတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ