မချမ်း​ဘော့

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်တွင် ယနေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်ရင်းတစ်ခုကို KIA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် ခလရ ၁၃၇ ကို KIA တပ်မှ သွားရောက် ပစ်ဖောက် ခဲ့ခြင်းဖြစ်သည်ဟု အမည်မ​ဖော်လိုသူ မချမ်း​​ဘော့ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မချမ်းဘော့စစ်တပ်မှာ ၊ ခလရ ၁၃၇ ဟုတ်တယ် ၊စစ်​ကောင်စီဘက်က ဆယ်ချက်လောက် ပြန်ပစ်တယ်” ဟု ပြောသည်။
ပစ်ခတ်ဖောက်ခွဲမှုကြောင့် ထိခိုက်သူရှိမရှိကိုမူ မသိရှိရကြောင်း သူကဆက်ပြောသည်။

မချမ်းဘော့မြို့တွင် ယခင်က ​ကေအိုင်​အေအဖွဲ့မှ သွား​ရောက် ပစ်ခတ်မှုမျိုးမရှိကြောင်း ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်​ကြောင်း ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ