ကွတ်ခိုင်မြို့ နမ့်ဟူးကျေးရွာအနီးရှိ တောထဲတွင် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးကျေးရွာအနီးရှိ တောထဲတွင် အမျိုးသားတစ်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့  နမ့်ဟူးကျေးရွာအနီးရှိ တောထဲတွင် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

 

အဆိုပါ အမျိုးသားသည် သုံးရက်ကြာ ပျောက်နေခဲ့ခြင်း ဖြစ်ပြီး လေးရက်မြောက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကို ပြောသည်။
“ကျွန်မတို့သွားတွေ့တဲ့အခါကျတော့၊ လက်ထိပ်ခတ်ထားတာတွေ့ရတယ်၊ အပေါ်အကျီထပ် ဝတ်ပေးထားကြတယ်၊ ခေါင်းမှာလည်း သေနတ်ပစ်ခံထားရတာတွေ့တယ်၊ ခြေထောက်မှာလည်း ဓားနဲ့လုပ်ပေးထားတဲ့ ဒဏ်ရာတွေတွေ့တယ်” ဟု ပြောသည်။
သေဆုံးသူ၀တ်ဆင်ထားသည့် ပြောက်ကျား အင်္ကျီနှင့် ဦးထုပ်သည် ၎င်း၏ အ၀တ်အစားများ မဟုတ်ကြောင်း သူကဆိုသည်။
သေဆုံးသူသည် အသက် ၄၂ နှစ်အရွယ် ဦးလဖိုင်ဇော်လွမ်ဖြစ်ပြီး ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ တွင်နေထိုင်သူဖြစ်ကြောင်း သူက ဆက်ပြောသည်။
သူသည် အိန္ဒိယနိုင်ငံမှ ခရစ်ယာန်ကျမ်းစာသင်ကျောင်းဆင်း တစ်ဦးဖြစ်ကြောင်းသိရသည်။
သေဆုံးသူရုပ်အလောင်းကို ကွတ်ခိုင်ဆေးရုံသို့ခေါ်ဆောင်သွားကာ ယနေ့ မြှုပ်နှံလိုက်ကြောင်းသိရသည်။

Photo : Voice Of Kutkai

သင့်ထင်မြင်ချက်ရေးပေးပါ