မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြားတိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊မိုးညှင်းမြို့ရှိ ညောင်ကုန်းရွာနှင့် ကွင်းကြီးရွာကြားတွင် ယနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြားတိုက်ပွဲဖြစ်

 

ညောင်ကုန်းရွာနှင့် ကွင်းကြီးရွာကြားတွင် မိုင်း ၃ ကြိမ်ကွဲသံကြားရပြီး သေနတ်သံများ ၅၀ ချက်နီးပါး ဆက်တိုက် ကြားရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အချက်ရေတော့ များတယ် ပထမ တစ်ခါထဲ ၂၀ ကျော်လောက် ၊ တံဘားမိုင်းခွဲလည်းတော့ မသိဘူး အကျယ်ကြီးပဲ၊ ၃ ချက်ကြားရတာမှန်ပေမဲ့ ဘယ်နေရာမှန်းမသိဘူး ရွာအထွက်နားပဲ မိုင်းကွဲတာတော့သေချာတယ် တကယ်ကြားရတာ မိုင်းကွဲသံ ၃ ချက်လောက်ကြားရတယ်” ဟု သူကပြောသည်။
အဆိုပါတိုက်ပွဲသည် နန်းမားအခြေစိုက် ခမရ ၃၈၅ ၏ စစ်ယာဉ်တန်းကို ကေအိုင်အေက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

Photo Credit to rightful owners

သင့်ထင်မြင်ချက်ရေးပေးပါ