နန့်မွန်းမြို့အနီးရှိ ​တောစပ်တစ်​နေရာတွင် အမျိုးသမီးငယ်နှစ်ဦး သတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့ ဘီလူးလမ်းကပ်ကျော်ဘုရားအနီးရှိ တောစပ်တစ်နေရာတွင် အမျိုးသမီးငယ် နှစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

နန့်မွန်းမြို့အနီးရှိ ​တောစပ်တစ်​နေရာတွင် အမျိုးသမီးငယ်နှစ်ဦး သတ်ဖြတ်ခံရ

 

အသတ်ခံရသည့် အဆိုပါ အမျိုးသမီးနှစ်ဦး၏ အ​လောင်းအနီးတွင် ဆိုင်ကယ်တစ်စီးလည်း​တွေ့ရှိရ​ကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရုပ်အလောင်းတွေကတော့ ပျက်ဆီးနေပြီ။ အက်ဆီးဒင့်ဖြစ်ပြီး သေတာတော့ မဖြစ်နိုင်ဘူးဗျ။ ဘာကြောင့်ဆိုတော့ ဆိုင်ကယ်က ရပ်ထားလို့လေ၊ အသေးစိတ်တော့ မသိရသေးဘူး”ဟု ပြောသည်။
လက်ရှိအချိန်တွင် ပါရမီလူမှုကူညီမှုအသင်းမှ သေဆုံးသူနှစ်ဦး၏ အလောင်းများအား သွားရောက်သယ်ယူ​နေဖြစ်ကြောင်း သူကဆက်ပြောသည်။
အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ အသက် ၁၃နှစ်နှင့် ၁၆နှစ်အရွယ် မိုင်းနောင်ကျေးရွာ မြနန္နာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ