စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ​ကြောင့် မ​နောင်ကွင်းအတွင်း အမှိုက်သရိုက်များဖြင့် ညစ်ပတ်ရှုပ်ပွနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကချင်ရိုးရာမနောင်ကွင်းတွင် အလည်အပတ်လာ​ရောက်သူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ​​ကြောင့် ညစ်ပတ်ရှုပ်ပွ​နေ​ကြောင်းသိရသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ​ကြောင့် မ​နောင်ကွင်းအတွင်း အမှိုက်သရိုက်များဖြင့် ညစ်ပတ်ရှုပ်ပွနေ

 

မ​နောင်ကွင်းအတွင်း အမှိုက်များကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန် အသိ​ပေး​ဆိုင်းဘုတ်များကပ်ထားသည့် အနီးအနားတဝိုက်တွင်လည်း ဘီယာဘူးခွံ့များ၊ စားကျွင်းစားကျန်များနှင့် ပလက်စတစ်အမှိုက်များကို​တွေ့ရသည်။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရိုးရာမနောင်ကွင်း၏ အလှကို ရုပ်ဆိုးအကျည်းတန်စေသည်ဟု အသက် ၂၆အရွယ် မြို့ခံတစ်ဦးက The 74 Media ကိုပြောသည်။
“အများနဲ့ဆိုင်တဲ့နေရာဖြစ်သလို ရိုးရာယဉ်ကျေးမှုနေရာလည်း ဖြစ်တယ်။ ဘယ်နေရာပဲဖြစ်ဖြစ် အများပြည်သူကတန်ဖိုးထားမှ ဖြစ်မှာလေ။ ကိုယ်စားတဲ့အစားအသောက်ပေါ်တောင် တာဝန်ယူချင်တဲ့စိတ်မရှိတဲ့သူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းက အင်မတန်မှ နိမ့်ပါးတယ်လို့ ဖော်ပြလိုက်တာပဲ။ အရမ်းရှက်စရာကောင်းပါတယ်” ဟု ပြောသည်။
မနောင်ကွင်းသည် ကျယ်ဝန်းပြီး လေကောင်းလေသန့်ရရှိပြီး အများပြည်သူများလည်ပတ်ရန် နေရာကောင်းဖြစ်သည့်အပြင် ခရီးသွားဧည့်သည်များရှေ့တွင်လည်း ဂုဏ်ယူစရာဖြစ်သောကြောင့် တန်ဖိုးထားထိန်းသိမ်းပေးကြရန် သူက ဆက်ပြောသည်။

ကချင်ရိုးရာမနောင်ကွင်းသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်အဖြစ်တရားဝင်သတ်မှတ်ပေးခဲ့သည့်နေရာဖြစ်ပြီး ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာမနောင်ပွဲများ ပုံမှန်ကျင်းပလေ့ရှိကာ One Championship MMA ပြိုင်ပွဲချန်ပီယံ အောင်လအင်ဆန်၏ ပုံတူကြေးရုပ်တု ထားရှိသည့်နေရာလည်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ