နောင်မွန်

ကချင်ပြည်နယ်၊ နောင်မွန်မြို့ရှိ KBC ဓမ္မဆရာများ၏ နေအိမ်များအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးမှုများရှိနေသည်ဆိုသည့်သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း ဒေသခံ ဓမ္မဆရာများထံမှ သိရသည်။

KBC ဓမ္မဆရာများတစ်ဦးကို ပြည်သူ့စစ်များက လမ်းတွင် စစ်ဆေးခဲ့သော်လည်း နေအိမ်များတွင် ဝင်ရောက် စစ်ဆေးမှုမရှိကြောင်း နောင်မွန်မြို့မှ ဓမ္မဆရာတစ်ဦးက The 74 Media ကို ပြောသည်။
” သတင်းမှားဟုတ်တယ်အဲ့ဒါ၊ အိမ်တွေမှာလိုက်စစ်တယ်ဆိုတာမရှိပါဘူး၊ ဆရာတစ်ယောက်ကိုလမ်းမှာ ဌာနေပြည်သူ့စစ်တွေ တနင်္ဂနွေနေ့တုန်းက စစ်တာတော့ဟုတ်တယ်” ဟု ပြောသည်။
‌ေနအိမ်တွင် ဝင်ရောက်စစ်ဆေးခံရသည်ဟူသော ဓမ္မဆရာတစ်ဦးကလည်း သူ၏နေအိမ်တွင် လာရောက်စစ်ဆေးခြင်းမရှိဟု The 74 Media သို့ အတည်ပြု‌ ပြောသည်။
” အိမ်မှာ ဘယ်သူမှလည်းလာမစစ်ဘူး၊ လိုင်းမှာက ဆရာ မရစ်ဒီးအိမ်မှာလည်းဝင်စစ်တယ်လို့ပြောနေတော့လေ၊ လာစစ်တာမျိုးမရှိပါဘူး” ဟုသူကပြောသည်။
နောင်မွန်မြို့ရှိ KBC ဘုရားကျောင်းသည် KIA ၏ လက်နက်သို‌ေလှာင်ရုံဖြစ်သည့်အတွက် အဆိုပါဘုရားကျောင်းရှိ အမှုတော်ဆောင် ဓမ္မဆရာများအား ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မေလတွင် ပြောဆိုမှုများ ရှိခဲ့သည်။

လူဦးရေ ၇၀၀၀ ကျော်ရှိသည့် နောင်မွန်မြို့သည် ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ရဝမ်နှင့် လီဆူလူမျိုးစုများ အများဆုံးနေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ