မြစ်ကြီးနားမြို့တွင် ညအချိန်ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့‌ကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် ညအချိန်ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖမ်းဆီး

 

ဂျန်မိုင်ကောင်း ညဈေးတန်း လမ်းဆုံတွင် ဆိုင်ကယ်စီးနှင်းလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ရပ်ခိုင်းစဉ် မရပ်ပေးသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာ အနီးတွင်နေထိုင်သည့် မျက်မြင်တွေ့ရှိသူတစ်ဦးက The 7 4 Media ကို ပြောသည်။
“အပြင်ထွက်လို့ လိုက်ဖမ်းနေတာ ထွက်ပြေး လို့ ပစ်လိုက်တာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ လူနှစ်ယောက်ကို ရပ်ခိုင်းတာ မရပ်ပေးလို့ ဆဲပြီး အဲ့ကောင်တွေကို ပစ် လို့ စစ်သားတွေ ပြောတာ ကြားလိုက်တယ်၊ သေနတ်သံ နှစ်ချက်ကြားလိုက်တယ် နောက်ကလူကို သေနတ်မှန်တယ်၊ ဆိုင်ကယ်မောင်းတဲ့သူက လွှတ်သွားတယ်” ဟု သူကပြောသည်။
သေနတ်ထိမှန်ခဲ့သည့် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနှင်းသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားဖြင့် သယ်သွားကြောင်း သူကဆက်ပြောသည်။
သေနတ်ထိမှန်ခဲ့သည့် အမျိုးသားနှင့် ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ သီတာရပ်ကွက်အတွင်းမှ ရဲစခန်းအနီးတွင် ဇွန်လ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲခန့် ဆိုင်ကယ်စီးနှင်းလာသည့် လူငယ်နှစ်ဦးကို သေနတ် ၁၀ ချက်‌ ဖောက်ကာ ဖမ်းဆီးမှုရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ