Breaking!!!

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဧဒင်နယ်​မြေ ရွှေလမ်းမကြီး​ပေါ်ရှိ ဂါလိလဲတံတားတွင် ယ​နေ့ ည​နေပိုင်း ၄ နာရီခန့်က မိုင်းနှစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဂါလိလဲတံတားတွင် စစ်ကားဖြတ်သွားချိန် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကားဖြတ်သွားတဲ့ချိန် ပေါက်တယ်လို့ ပြောတယ် မိုင်းနှစ်လုံးကွဲတယ်။ ကွဲတော့ သေနတ်သံတွေ ဘယ်နှချက်လဲ မမှတ်မိတော့ဘူး။ အချက်ပေါင်းမနဲဘူး စစ်​ကောင်စီတပ်က ရမ်းပစ်နေကြတာ” ဟု သူကပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် အထိခိုက်ရှိ၊မရှိ ကြောင်းကိုမူ The 74 Media က အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြစ်ကြီးနားမြို့ ၊ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ် ၁၁ အခြေခံပညာကျောင်းတွင်လည်း ယ​နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်ခန့်က မိုင်းသုံးလုံးပေါက်ကွဲခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ