ဒေ့ါဖုန်းယန်တွင် တောင်သူအမျိုးသမီးတစ်ဦး မိုင်းစထိမှန်

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ယနေ့နံနက် ၁၁ နာရီခန့်က အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဆိုင်ကယ်စီးနေစဉ် မိုင်းစ ထိမှန်ခဲ့‌ကြောင်း သိရသည်။

ဒေါ့ဖုန်းယန် ရပ်ကွက် (၃) တွင် နေထိုင်သည့် ဒေါ်ဆိုင်းဂျာ အသက် (၄၁) နှစ်သည် တောင်ယာသွားရန် ဆိုင်ကယ်နောက်မှလိုက်ပါစီးနှင်းစဉ် မိုင်းစထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

ဒေ့ါဖုန်းယန်တွင် တောင်သူအမျိုးသမီးတစ်ဦး မိုင်းစထိမှန်

 

” ဒီမနက် ၁၁နာရီ တောင်ယာသွားတဲ့ လမ်းမှာ ဆိုင်ကယ်စီးပြီး အလုပ်သွားရင်း ထိတာ။ ထိတဲ့ သူက နောက်ကနေ လိုက်စီးတာ ဟုတ်တယ်။ သူသွားတဲ့ဘက်က ကန့်သတ်နယ်မြေလို ဖြစ်နေတာပေါ့။ အဲ့နေရာက စစ်ဖြစ်လို့။ ဒီမနက်မှ စစ်တပ်ဘက်က သွားခွင့်ပြုတာဟုတ်တယ် ” ဟုပြောသည်။
မိုင်းစထိမှန်သူသည် ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်းသိရသည်။
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ လဂျားယန်နှင့် ခယာတောင်ဘက်တွင် ‌ဇွန်လ ၁၁ ရက်နေ့မှစတင်ပြီး စစ်အင်အားဖြည့်တင်းရန်ရောက်ရှိလာသော စစ်ကောင်စီ၏ ထောက်ပို့ယာဉ်များကို ကေအိုင်အေက ပစ်ခတ်တိုက်ခတ်ခဲ့သဖြင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

Photo CJ

သင့်ထင်မြင်ချက်ရေးပေးပါ