စစ်ကောင်စီ လက်နက်ကြီး

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာတွင် ယနေ့ ဇွန်လ ၁၅ ရက်နေ့ ည ၆ နာရီခန့်က လက်နက်ကြီး ပစ်ခတ်သံကြားရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်တပ်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်‌ေနခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“လက်နက်ကြီး နှစ်ချက် မြည်တယ်၊ အသံအကျယ်ကြီးကို ကြားရတယ်။ ဗျူဟာ ကုန်းဘက်ကနေ ပစ်တာ၊ ဘယ်ဘက် ကျလဲတော့ အတိအကျ မသိဘူး။ နှစ်ချက်ပစ်ပြီးတော့ငြိမ်နေတယ်” ဟု သူက ပြောသည်။
ကံဆီးကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်တွင်လည်း ကေအိုင်အေ တပ်ရပ်မဟာ ၉ လက်အောက်ရှိ တပ်ရင်း ၆ နှင့် စစ်ကောင်စီတပ် ခမရ ၁၁၁ တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ