ဝါရာဇွပ်ကျေးရွာ

ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စုရှိ KIA တပ်ရင်း ၁၄ ရှိ ရှေ့တန်းစခန်းတစ်ခုကို ယနေ့နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရှဒူးဇွပ်အခြေစိုက် ခလရ (၂၉၇)မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး KIA စခန်းသို့မထိဘဲ ကျေးရွာဟောင်းတစ်ခုတွင် လက်နက်ကြီးကျကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“KIA ရှေ့တန်းစခန်းကို ပစ်တာ။ အဲ့ဒါကိုမထိဘဲ လောဒ်ဂျာရွာဟောင်းမှာ ကျတယ်။ နှစ်ချက်လို့ပြောကြတယ်။ အဲ့ရွာမှာလူမရှိတော့ဘူး။ ၂၀၁၆ ကတည်းကနေ စစ်ဖြစ်လို့စစ်ရှောင်ကြပြီ။ လူထိခိုက်မှုတော့မရှိဘူး။ ပြီးခဲ့တဲ့လကလည်း လေယာဉ်နဲ့လာပစ်သွားတာရှိတယ် ”ဟု ပြောသည်။
စစ်ကောင်စီတပ်မှ လွန်ခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်လေယာဉ်နှစ်စီးဖြင့် လောဒ်ဂျာရွာဟောင်းနှင့် ဝခါးတို့ဘက်တွင် ပျံသန်းမှုများရှိခဲ့ကြောင်း သူကဆက်ပြောသည်။
လောဒ်ဂျာကျေးရွာသည် ဝါရာဇွပ်ကျေးရွာမှ ၈မိုင်ခန့်ကွာဝေးသော နေရာတွင်တည်ရှိပြီး KIA ထိန်းချုပ် နယ်မြေဖြစ်ကြောင်းသိရသည်။

photo – CJ

သင့်ထင်မြင်ချက်ရေးပေးပါ