မြစ်ကြီးနားတွင် အုပ်စုလိုက်ရန်ဖြစ်နေသူများ အဖမ်းခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ ရှိန်ရှင်းအပေါင်ဆိုင်ရှေ့တွင် လူငယ်တချို့ကို အရပ်ဝတ်များနှင့် လက်နက်ကိုင်တချို့မှ ယနေ့နေ့လယ် တစ်နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

မြစ်ကြီးနားတွင် အုပ်စုလိုက်ရန်ဖြစ်နေသူများ အဖမ်းခံရ

 

အဖမ်းခံရသည့် လူငယ်များသည် စကားများ ရန်ဖြစ်နေသောကြောင့် ရဲများလာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်မမြင်တာက လက်ထိပ်နဲ့ကောင်လေးကို ရဲတွေမေးနေတာက ရန်ဖြစ်တာလားဆိုတော့ ဟုတ်တယ်တဲ့။ ကောင်လေးကိုဝိုင်းထားတာက ငါးယောက်လောက်၊ အဲတာက MK ဆိုင်ဘေးက လမ်းရှေ့မှာ။ နောက်တစ်စုက ရှိန်ရှင်းရှေ့။ နောက်တစ်စုက ကားပေါ်ဆွဲတင်နေတာ။ ရဲဝတ်စုံနဲ့လည်းပါတယ်။ အရပ်ဝတ်လည်းပါတယ်။ ဖြစ်ပျက်တာတွေက အရမ်းမြန်တယ်” ဟု ပြောသည်။
ရဲဝတ်စုံသုံးဦးနှင့် အရပ်ဝတ်အချို့မှာ လက်နက်ကိုင်ဆောင်ထားပြီး အင်အား ၁၀ ဦးခန့် အိမ်စီးကားများနှင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် လူငယ် ငါးဦးခန့်ဖမ်းဆီးခံရသည်ဟု သိရသည်။
မြစ်ကြီးနားမြို့တွင် အာဏာရှင်ကိုဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သည့်လူငယ်များကို လိုက်လံဖမ်းဆီး၍ အရေးယူထောင်ချနေသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ