ရွှေကူတွင် စစ်ကောင်စီတပ်များ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များက အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေးမှုပြုလုပ်‌ေနကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ရွာအထွက်ကိုပိတ်ထားြပီး အိမ်ထောင်စုစာရင်းကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အိမ်ထောင်စုစာရင်း လိုက်စစ်နေတာ။ ရွာကို အဝင်ပဲရတယ်။ အထွက်ကို ပိတ်ထားတယ်။ ဆိုင်တွေလည်း ပိတ်ခိုင်းနေပြီ။ လမ်းတွေမှာလည်း စောင့်နေကြတယ်။ ဆိုင်ကယ်တွေကိုလည်း လှည့်ပြန်ခိုင်းနေတယ်” ဟုပြောသည်။

ရွှေကူမြို့တွင် ကေအိုင်‌ေအ၊ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ