KIA solider

ကချင်ပြည်နယ်၊ ဗန်း​မော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အနီးတွင် ယနေ့ နံနက် ​ခြောက်နာရီခန့်တွင် KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဒေါ့ဖုန်းယန်မြို့၌ တပ်စွဲသည့် ခလရ (၁၄၂) နှင့် ကေအိုင်အေအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနက်က ပစ်ကြတယ်။ ဒေါ့ဖုန်းယန်စစ်တပ်ကနေ KIA တွေရှိတဲ့ဘက်ပစ်ကြတာ။ နှစ်ဖက်ပစ်ကြတာဟုတ်တယ်။ လက်နက်ကြီးသံတော့ ၄ ချက်လောက်ပဲကြားလိုက်တယ်။ သေနတ်သံ ပိုများတယ်” ဟုပြောသည်။
တိုက်ပွဲ​ကြောင့် နှစ်ဖက် အထိအခိုက် အကျအဆုံးကိုမူ မသိရှိရ​သေးပါ။
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်၊ လဂျားယန်နှင့် ခယာတောင် ဘက်တွင် စစ်အင်အားဖြည့်တင်းရန်​ရောက်ရှိလာ​သော စစ်ကောင်စီ၏ ထောက်ပို့ယာဥ်များကို ကေအိုင်အေက ပစ်ခတ်တိုက်ခတ်မှုများ ပြုလုပ်​နေသည်။

ဓါတ်ပုံ/ ၂၀၁၉ ခုနစ်က ရိုက်ကူးထား​သောပုံ​ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ