ကယားပြည်နယ်တွင် စစ်ရှောင်များ၏ ဆန်အိတ်၊ ဆေးဝါးများနှင့် လူမှုကူညီရေးကားကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် လွယ်ယင်းတောင်ခြေကျေးရွာတွင် ဇွန်လ ၉ ရက်နေ့ညက ကရင်နီစစ်ဘေးရှောင်များ၏ ဆန်အိတ်များနှင့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် စစ်ရှောင်များ၏ ဆန်အိတ်၊ ဆေးဝါးများနှင့် လူမှုကူညီရေးကားကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

11

စစ်ရှောင်ပြည်သူများအတွက် လှူဒါန်းလိုက်သော ဆန်အိတ်ပေါင်း ၈၀၊ ဆေးဝါးပစ္စည်းများနှင့် နာရေးကူညီမှုကားတစ်စီး မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု စစ်ရှောင်ပြည်သူများကို ကူညီ‌ေနသည့် အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီး‌ တွေချတယ် အခြေအနေမကောင်းလို့ အကုန်ပြောင်းရွေ့ရတယ် ပြေးရင်း ကားနဲ့ ဆန်အိတ်၈၀နဲ့ ဆေးဝါးရိက္ခာတွေကျန်ခဲ့တယ် ဒီနေ့ပြန်‌လာတော့မရှိတော့ဘူး မီးရှို့ခံရတယ် နာရေးကူညီမှုကားတစ်စီး မီးရှို့ခံရတယ်” ဟု သူကပြောသည်။
စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်‌ေန့ ညနှင့် ၇ ရက်နေ့ နံနက်ပိုင်းတို့တွင် မိုးဗြဲမြို့နယ်ရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်စီးပြီး နေအိမ်ရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။

မိုးဗြဲတွင် မေလ မှစတင်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ