Breaking!!!

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ဇွန်လ ၉ ရက်နေ့ ည ၈နာရီခွဲခန့်က ရမ်ပူဈေးအနီးရှိ နေအိမ်တစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရမ်ပူရပ်ကွက် နယ်မြေ ၄ ရမ်ပူဈေးအနီးတွင် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အသံအရမ်းကျယ်တယ် လက်လုပ်မိုင်းဖြစ်နိုင်တယ် အသံမိုင်းတော့မဟုတ်ဘူး အဲ့အိမ်က ဒလန်လို့ပြောတယ် တစ်ခုခုဖြစ်တာနဲ့ ခွေးတွေခေါ်နေတာ ကလေးတွေဆော့ရင် သူ့အိမ်ကို ခဲမှန်တာကို ပတ်ဝန်းကျင် က ထုတယ် ထင်ပြီး ခွေးတွေခေါ်နေတာ” ဟုသူကပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ရှိ/မရှိကို The 74 Media က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ နေအိမ်ဆီဆိုင်တွင်လည်း လွန်ခဲ့သော ဇွန်လ ၃ ရက်နေ့ညက အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ